The Con Artists မြန်မာစာတန်းထိုး



ခုနှစ်ကိုရီးယားရုပ်ရှင်တွေထဲ အောင်မြင်မှုတော်တော်များများရခဲ့ပြီး မြောက်အမေရိက၊ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ဗီယက်နမ်တို့မှာပါ ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပါ။ မင်းသား ကင်ဝူဘင်ကို အများကြီးအောင်မြင်ခဲ့စေတဲ့ဇာတ်ကားဖြစ်ပြီး Professionalေ ဖာက်ထွင်းရေးသမားတစ်ဦး နဲ့ အစီအစဉ်ချတဲ့ သူ့သူငယ်ချင်းတစ်ဦးတို့ လုပ်ငန်းတစ်ခုကို လူမိုက်ခေါင်းဆောင်တစ်ဦးက လာအပ်ရာက စတင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ခက်ခဲလှတဲ့ လုပ်ငန်းကိုအကောင်အထည်ဖော်ဖို့ ဟက်ကာတစ်ဦးကိုလည်း သူတို့ခေါ်ယူခဲ့ရပြီး လူမိုက်အဖွဲ့က ခိုင်းတဲ့အလုပ်ကိုလုပ်ပြီးရာမှာတော့ သူတို့ပါ အသက်ဘေးအန္တရာယ်နဲ့ကြုံလာရပါတော့တယ်။ ဒီဇာတ်ကားကို Personal အရပြောရရင်တော့ ကိုရီးယားရုပ်ရှင်တွေထဲ အတော်သဘောကျမိတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်သိမ်းပိုင်းမှာလည်း ဟောလိဝုဒ်ကားတွေထက်မနိမ့်တဲ့ လှည့်ကွက် မြှုပ်ကွက်မျိုးနဲ့ ပရိသတ်ကိုဖမ်းစားသွားတဲ့ကားပါ။ ဒရာမာလည်းမဟုတ် ဝုန်းဝုန်းဒိုင်းဒိုင်းလည်းမဟုတ်ပဲ တစ်ကားလုံး စိတ်ဝင်စားစရာအပြည့်နဲ့ ဇာတ်အိမ်ဖွဲ့ထားတာမို့ ပရိသတ်တွေ သဘောကျကြမှာ သေချာပါတယ်။ Credit To : goldchannelmovies.com Translated by: Alice Ei Phyu Encode by: Eric Min Khant Quality 720P HD
Share this article :

 
Copyright © 2011. My Favorite Movies - All Rights Reserved
Proudly powered by Blogger